Main menu

ကျောင်းမုန့်ဈေးတန်းများသွားရောက်စစ်ဆေးခြင်း

Powered by Drupal

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ ဦးတင်စိုးနိုင်(ဦးစီးမှူး)၊ ဦးဝင်းသွင်(ရုံးအုပ်)နှင့် ကျောင်းကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၀..၂၀၂၅)  ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ (၁၂..၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ တို့ရှိ ကျောင်းမုန့် ဈေးတန်းများသို့ သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းမုန့်ဈေးတန်းရောင်းချသူ များအား သန့်ရှင်းလတ်ဆတ်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော ကုန်ပစ္စည်း များကိုရောင်းချစေရေး၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲမပါသော မုန့်များ ရောင်းချခြင်းမပြုရန်၊ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာရောင်းချရန်၊ ကျောင်းသား/ ကျောင်းသူများ ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေ ရေးနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများမရှိစေရေး စသည့်အကြောင်းအရာများကို ရှင်းလင်းမှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)