Main menu

အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ ဦးဝင်းသွင်(ရုံးအုပ်) နှင့် ဦးတင်စိုးနိုင်(ဦးစီးမှူး) တို့သည်(၁၀.. ၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၊ အမှတ်(၁၆)အခြေခံပညာအထက်တန်း ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ များနှင့်ဆရာ၊ ဆရာမစုစုပေါင်း(၉၂)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲ၌ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် လိုအပ်သော အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများဝယ်ယူရောင်းချ ရာတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ထိခိုက်နစ်နာမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းခေါ်၍ဖြစ်စေ၊ www.doca.gov.mm website မှဖြစ်စေ တိုင်ကြားနိုင်ကြောင်း အဆိုပါတိုင်ကြားမှုများကို စားသုံးသူရေးရာဦးစီးဌာနမှ လက်ခံဖြေရှင်းဆောင်ရွက်ပေး လျက်ရှိကြောင်း ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။   

DOCA(ပြည်ထောင်စုနယ်မြေ)