Main menu

ဆိပ်ဖြူ ကြက်သွန်နီ စက်တင်ဘာလ(ဒုတိယ)ပတ်အတွင်း ဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှု အခြေအနေ

Powered by Drupal

     ဆိပ်ဖြူကုန်စည်ဒိုင်သို့ စက်တင်ဘာလ (ဒုတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန်(၃) သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ စက်တင်ဘာလ(၈)ရက် မှ (၁၄)ရက်ထိ ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ(၅)သိန်း ခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

      ဈေးနှုန်းဈေးကွက်အနေဖြင့် စက်တင်ဘာလ(ဒုတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့်ဆုံးဈေးနှုန်းမှာ (၃၁၅၀)ကျပ် မှ (၂၈၅၀)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စ အမြင့်ဆုံး ဈေးနှုန်းမှာ (၂၇၅၀)ကျပ် မှ (၂၃၀၀)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံ အရည်အသွေးများ မတူညီခြင်းကြောင့် ဈေးနှုန်းများကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံး ဈေးနှုန်းမှာ (၃၂၅၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံး ဈေးမှာ(၃၁၅၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက်(၁၀၀)ကျပ်ခန့်ဈေးနှုန်း ကျဆင်းသွားကြောင်း၊ အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ ယခင်(၁)ပတ်က (၂၉၅၀)ကျပ်၊ ယခု(၁)ပတ် (၂၇၅၀)ကျပ် ဈေးနှုန်းဖြစ်၍ ယခင်(၁)ပတ်ထက် (၂၀၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းသွားကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တင်ပို့မှုနည်းပြီး ပြည်ပဝယ်လက်မြဝတီမြို့သို့ ကုန်ချိန်အများဆုံးတင်ပို့ လျက်ရှိကြောင်း ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစားတစ်ဦးထံမှ သိရှိရသည်။

      ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၃၅၀၀/၃၄၀၀)၊ လတ်(ကြီး) ကျပ်(၃၃၀၀/၃၂၀၀)၊ လတ်(သေး) ကျပ်(၃၀၀၀/၂၉၀၀)၊ အသေးစ (၂၇၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် စက်တင် ဘာလ(ဒုတိယ)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့(၁၄)စီး၊ ပြည်မြို့(၈)စီး၊ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့(၇)စီး၊ မော်လမြိုင်မြို့(၆)စီး၊ မြဝတီမြို့(၁၈)စီးတွဲကားများ စုစုပေါင်း(၅၃) စီးခန့် (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီ ပျှမ်းမျှ(၅)သိန်း၊ တန်ချိန်(၃)သောင်းခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။ ဆိပ်ဖြူမြို့မှ ပြည်ပဝယ်လက် မြဝတီမြို့သို့ ကုန်ချိန် အများဆုံး တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)