Main menu

OPEC+ကအောက်တိုဘာလတွင်လည်းရေနံဆက်လက်တိုးမြှင့်ထုတ်လုပ်သည်

Powered by Drupal

    ရေနံတင်ပို့သည့်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအဖွဲ့ (OPEC+) သည် အောက်တိုဘာလတွင်လည်း     ရေနံကိုဆက်လက် တိုးမြှင့်ထုတ်လုပ်သွားရန် သဘောတူသည်ဟု သိရသည်။

   အဆိုပါ အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများက စက်တင်ဘာလ ၇ ရက်တွင် အွန်လိုင်းမှတစ်ဆင့် အစည်းအဝေး ပြုလုပ်စဉ် အောက်တိုဘာလအတွင်း တစ်ရက်လျှင် ရေနံပမာဏ စည်ပေါင်း ၁၃၇၀၀၀ ကိုတိုးမြှင့် ထုတ်လုပ်သွားရန် သဘောတူကြောင်း အစည်းအဝေးပြီးနောက် ထုတ်ပြန်သည့် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

    လက်ရှိတွင် ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက်က တည်ငြိမ်ကာ ဈေးကွက်သတ်မှတ်သည့် အရာများ မှာလည်း ကောင်းမွန်နေကြောင်း၊ ရေနံထုတ်လုပ်မှုသည် တစ်ရက်လျှင် ၁ ဒသမ ၆၅ သန်းအထိ ရှိလာ မည် ဖြစ်ကြောင်းသိရသည်။   

DOCA(ပြည်ထောင်စုနယ်မြေ)