Main menu

တရုတ်နှင့်အမေရိကန် စတုတ္ထအကြိမ် ကုန်သွယ်ရေး ဆွေးနွေးမှုစတင်

Powered by Drupal

    တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များသည် စပိန်နိုင်ငံ မက်ဒရစ်မြို့၌စတုတ္ထအကြိမ် ကုန်သွယ်ရေး ဆွေးနွေးမှုကိုစတင် လုပ်ဆောင်ကြောင်း သိရသည်။

     တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလိုင်ဖန်းနှင့် အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး စကော့ဘတ်ဆန့် တို့ ဦးဆောင်သော ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့များသည် စက်တင်ဘာလ ၁၄ ရက်တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

    အဆိုပါကုန်သွယ်ရေး ကိုယ်စားလှယ်များသည် နှစ်နိုင်ငံကြားသွင်းကုန် အခွန်တိုးမြှင့်မှု ခေတ္တဆိုင်းငံ့သည့် သဘောတူညီချက်သက်တမ်း ကုန်ဆုံးမည့် နိုဝင်ဘာလမတိုင်မီ ယခုကဲ့သို့ ဆွေးနွေးမှုများ လုပ်ဆောင်ခြင်းဖြစ်သည်။ ဆွေးနွေးမှုတွင် အမျိုးသားလုံခြုံရေး၊ အပြန်အလှန် အကျိုးစီးပွားများနှင့် စပ်လျဉ်းသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။    

DOCA(ပြည်ထောင်စုနယ်မြေ)