Main menu

ပန်းတနော်မြို့နယ် သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၉-၉-၂၀၂၅ ရက်နေ့ တွင် ပန်းတနော်မြို့နယ်တွင် သောက်ရေသန့်စက်ရုံ ၅ခုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနက တာဝန်ရှိသူက ရေသန့်တာဝန်ခံများနှင့် တွေ့ဆုံ၍ ဈေးကွက်မရောက်မီကုန်စည်များ ဘေးအန္တရာယ်ကင်း၇ှင်းရေး ဦးစားပေးထုတ်လုပ်ရန်၊ ဈေးကွက်အတွင်း ဖြန့်ချိသော ရေသန့်ဗူးများကို ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်အတိုင်း သန့်ရှင်းသော ရေသန့်ဗူးများ ဆောကျော သနတ့််စင်ရေးကိုလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပေါ်တွင် ဖော်ပြရမည့် အချက်အလက်များ ပါဝင်မှု ရှိမရှိ စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်သော (၂/၂၀၁၉)ပါ ကုန်စည်အမျိုးအစားအလိုက်ဖော်ပြရမည့် ညွှန်ကြားချက်များကို ပြည်စုံမှန်ကန်စွာ ဖော်ပြလိုက်နာရန် လိုအပ်ကြောင်း၊ မြို့နယ်စာ်ပင်သာယာရေး၏ လုပ်ငန်းလိုင်စင်များကို စစ်ဆေးခြင်း၊ FDA ဌာနမှ ထုတ်လုပ်ခွင့်ပြုချက် အမှတ်များ ပါဝင်ရန် လိုအပ်ကြောင်း ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)