Main menu

ဒေးဒရဲမြို့နယ်တွင် ဘိလပ်မြေဈေးနှုန်း ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်

Powered by Drupal

     ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၀) ရက် ၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ယခင်ဩဂုတ်လတွင်  ကြံနှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၂၃၅၀၀) ကျပ်၊ Alpha ဘိလပ်မြေ တစ်အိတ်လျှင် (၂၃၅၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုလ စက်တင်ဘာလတွင် ယခင်ဩဂုတ်လတွင်  ကြံနှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၂၆၅၀၀) ကျပ်၊ Alpha ဘိလပ်မြေ တစ်အိတ်လျှင် (၂၆၅၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခင်လနှင့် ယခုလ ဘိလပ်မြေ ဈေးနှုန်း များကို နှိုင်းယှဉ်ပါက ဘိလပ်မြေ တစ်အိတ်လျှင် (၃၀၀၀) ကျပ်နှုန်း မြှင့်တက်သွားကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)