Main menu

ဖျာပုံမြို့နယ်၊  TTA ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖျာပုံမြို့နယ် ကျမ်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့၊ နံနက် (၁၁ : ၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ် “TTA”ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်း  အားစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က ကုန်အညွှန်းအမှတ် အသား ဖော်ပြချက်များဆိုင်ရာနှင့် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ဉပဒေပုဒ်မ (၂၆)အရ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်း သည့် ဖော်ပြရမည့် အာမခံချက်များနှင့် စားသုံးရန်မသင့်သည့် အစားအစာများကို ကျောင်းသား ကျောင်းသူတို့အား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အစားအစာများ စားသုံးရန်သင့်/ မသင့်နှင့် သန့်ရှင်းမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )