Main menu

 ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ပုဇွန်ထုတ်ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာမှပုဇွန်ထုတ်များကို  ဧရာဝတီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  တစ်ဆင့်ဝယ်ယူရောင်းချကာ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် စားဖွယ်စုံရောင်းချသည့် ဆိုင်မျာမှဝယ်ယူအသုံးပြုနေသည့် အတွက် ဈေးကောင်းရရှိနေကြောင်း သိရသည်။

    ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ပထမပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများ အနေဖြင့် လက္ကား ဈေး()ပိဿာလျှင်(၅၈၀၀၀)ကျပ်၊ လက်လီဈေး ()ပိဿာ လျှင် (၆၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၃၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင် အပတ်ထက် ပုဇွန်ထုတ်ဈေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)