
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၉.၉.၂၀၂၅)ရက်နေ့ နေ့လည်(၂;၀၀)နာရီက အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်မျိုးစုံဆိုင်များ တွင်ရောင်းချနေသော goody ဟင်းသီဟင်းရွက်ဆီသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံ ခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းးဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှအိမ်မဲမြို့နယ် ၊အိမ်မဲကြီးရပ်ကွက် အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော Goody ဟင်းသီဟင်းရွက်ဆီသန့်ဘူးများတွင် ကုန်ညွှန်း အမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ပြည့်စုံမှုရှိ /မရှိ အားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)