Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော မလိုင်လုံး နှင့် မလိုင်ချောင်း ဈေးနှုန်း

Powered by Drupal

       ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် မလိုင်လုံးနှင့် မလိုင်ချောင်းကလေးများကို မန္တလေးမြို့တို့မှ တဆင့်မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ရောင်းချနေ‌သော မလိုင်လုံး ဈေးနှုန်းအနေဖြင့် မလိုင်လုံး လက္ကား တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၆၅၀၀)ကျပ်နှင့် မလိုင်လုံး(၂၅) ကျပ်သား လျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်း ချနေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။

DOCA (စစ်ကိုင်း)