Main menu

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ရုံးပတေသီးနှင့် ကင်းမုံသီး ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချ လျက်ရှိကြောင်းသိရသည်။

          စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၏ ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး လက်လီ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ အလား တူပင် ကင်းမုံသီး တစ်ပြည် လျှင်(၄၅၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၂၅၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင် (၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA (စစ်ကိုင်း)