Main menu

မအူပင်မြို့နယ်တွင် ရောင်းချနေသော မြနှင့်ပုလဲ ဘုရားပန်း ဈေးနှုန်း အခြေအနေ

Powered by Drupal

   မအူပင်မြို့နယ်တွင် မြနှင့်ပုလဲ ဘုရားပန်းများကို ရန်ကုန်သီိမင်္ဂလာဈေးမှ မှာယူရောင်းချလျက် ရှိကြောင်း ဘုရားပန်းရောင်းချသူထံမှ သိရသည်။ မြနှင်းပုလဲ ပန်းသည် ရိုးတံရှည်၍ ပန်းအပွင့်မှာ အဖြူရောင်းဖြစ်၍ လှပသော ပန်းမျိုးဖြစ်သောကြောင့် ဘုရားပန်းကပ်လှူသူများ အများအပြား ဝယ်ယူကြကြောင်းသိရသည်။

          မြနှင့်ပုလဲ ပန်းကို မအူပင်ဈေးကွက်အတွင်း ပန်း ၁စီးလျှင် လက်လီဈေးငွေကျပ် ၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပန်းများကို ၁ထုံးလျှင် ပန်းအစီးရေ ၅၀ခန့် ထွက်ရှိပြီး ငွေကျပ် ၁၃၀၀၀၀ ဖြင့် ရန်ုကုန်မှ မှာယူရောင်းချရကြောင်း ပန်းအစီး အထုံးကြီး ၁ပတ်လျင် ၃ထုံးခန့် မှာယူရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၆၀၀၀၀ကျပ် အကျိုးအမြတ်ကျန်ရှိသောကြောင့် ပန်းများကို ရန်ကုန်သီရိမင်္ဂလာ ဈေးများမှာ မှာယူရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လာသည်မှာ ၁၁နှစ်ရှိပြီးဖြစ်ကြောင်း ပန်းရောင်းချခြင်းလုပ်ငန်းမှ အကျိုးအမြတ်ကျန်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)