Main menu

ကလေးဝမြို့တွင် အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ( ၄.၉.၂၀၂၅ ) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးဝမြို့၊ အမှတ် ( ၂ ) ရပ်ကွက်အတွင်းရှိ အသင့်စားခေါက်ဆွဲအမျိုးမျိုး ရောင်းချသည့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ကလေးဝမြို့ပေါ်တွင် ရောင်းချနေသည့် အသင့်စားခေါက်ဆွဲ အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ခြင်း/မရှိနှင့် သက်တမ်းလွန် အသင့်စားခေါက်ဆွဲခြောက်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)