
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဈေးအတွင်း ကလောဥများ တစ်နေ့လျှင် အိတ်ရေ ၃၀၀၀ခန့် ဝင်ရောက်လျက်ရှိပြီး မအူပင်ဈေးကြီး ၅ ဈေးနှင့် ရပ်ကွက်ဈေး ၇ ခုသို့ ဝင်ရောက်လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ငပုတောမြို့နယ်၌ ပီလောပီနံကို အများအပြားစိုက်ပျိုးပြီး မအူပင်သို့ ဝင်ရောက်ခြင်းများလည်းရှိသည်ဟုသိရသည်။ အဆိုပါဒေသများ၌ ပီလောပီနံကို မိုးရောဆောင်းပါစိုက်ပျိုးလေ့ရှိကြသည်။
မအူပင်ဈေးကွက်အတွင်း ပိလောပီနံခေါ် ကလောဥကို လက်လီဈေး ၁ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ရောင်းချနေပြီး ၊ လက်ကားဈေးအနေဖြင့် ငွေကျပ် ၁၈၀၀၀ ကျပ်ဝယ်ယူရောင်းချရသည်။ ယခင်နှစ် ဈေးဖြင့် နှိုင်းယှဥ်ပါက ငွေကျပ် ၅၀၀၀ကျပ်ကွာခြားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခုနှစ် ကလောဥဈေး ၅၀၀၀ကျပ် မြင့်တက်လာသည်။ ကလောဥသည် မအူပင်သို့ ၂၀၂၅ခုနှစ် ဩဂုတ်လ စက်တင်ဘာလ များတွင် လှိုင်လှိုင်ဝင် ရောက်လျက်ရှိသည်။
DOCA(ဧရာဝတီ)