
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၌ သောက်ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် Happy Time သောက်ရေသန့်စက်ရုံများအား ( ၅.၉.၂၀၂၅ ) ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ကလေးမြို့၊ တာဟန်းရပ်ကွက်အတွင်းရှိ Happy Time သောက်ရေသန့် စက်ရုံအား သောက်ရေသန့်ထုတ်လုပ်ရာတွင် သောက်ရေသန့်ဗူးများတွင် ကပ်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသားများသည် ( ၂/၂၀၁၉ ) နှင့် ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ စက်ရုံအတွင်း စနစ်တကျဖြင့် လုပ်ကိုင်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်နှင့် လိုင်စင်သက်တမ်းတိုးလျှောက်ထားမှုများ ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)