Main menu

ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့သည် CIFIT 2025 တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများကို ဆွေးနွေး

Powered by Drupal

            ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ (၁) Sun Chanthol သည် ကုမ္ပဏီ ၁၇ ခုမှ ကိုယ်စားလှယ်အဖွဲ့အားဦးဆောင်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများရှာဖွေရန်နှင့် စက်တင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ တရုတ်နိုင်ငံသို့ Fujian ပြည်နယ်၊ Xiamen မြို့၌ ကျင်းပသည့် ၂၅ ကြိမ်မြောက် China International Fair for Investment and Trade (CIFIT) သို့ သွားရောက်တွေ့ဆုံခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့အား Fujian ပြည်နယ် အုပ်ချုပ်ရေးမှူး Zhao Long မှ လက်ခံတွေ့ဆုံခဲ့ကြောင်း Chanthol က ၇-၉-၂၀၂၅ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ တွေ့ဆုံစဉ် Zhao က CIFIT တွင် ကမ္ဘောဒီးယား၏ ပူးပေါင်းပါဝင်မှုကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုအတွက် တရားမျှတသော ပလက်ဖောင်းအဖြစ် မြှင့်တင်ရန် တရုတ်သမ္မတ Xi Jinping ၏ ကြိုးပမ်းမှုများကို အလေးပေးပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့အကြား အထူးသဖြင့် Fujian ပြည်နယ်တို့အကြား ဆက်ဆံရေးသည် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုတွင် ပိုမိုအားကောင်းလာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။  Chanthol က ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့၏ ပူးပေါင်းပါဝင်မှု အထူးသဖြင့် ကမ္ဘောဒီးယား ကုမ္ပဏီ ၁၇ ခု၏ ပါဝင်မှု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး တရုတ်ရင်းနှီးမြှုပ်နှံသူများ နှင့် မိတ်ဖက်ဆက်ဆံရေး အခွင့်အလမ်းများ တိုးမြှင့်ပေးရန်၊ ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက်ပံ့ပိုးပေးမှုအတွက် တရုတ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ တရုတ် နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတွင် ကမ္ဘောဒီးယား၏ အကြီးဆုံးမိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများကို တိုးချဲ့ဖို့ တရုတ်အစိုးရရဲ့အားပေးမှုကို ကျေးဇူးတင်ရှိကြောင်းနှင့် အထူးသဖြင့် CIFIT ပလက်ဖောင်းမှတဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ရင်းနှီးမြှုပ်နှံသူများ ဆွဲဆောင်ဖို့ ဒီအကူအညီကို ဆက်လက်တောင်းဆိုပါကြောင်း Chanthol  ကဆက်လက်ပြောကြားခဲ့သည်။ အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် Chanthol က ကမ္ဘောဒီးယားနိုင်ငံတွင် လမ်းနှင့်တံတားများတည်ဆောက်ရာတွင် တရုတ်၏အကူအညီအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။  ကမ္ဘောဒီးယားနှင့် တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ပထမ (၇) လတွင် ကန်ဒေါ်လာ ၁၁ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန (GDCE) ၏ နောက်ဆုံးစာရင်းများအရ သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)