Main menu

“စက်မှုလုပ်ငန်းရှင်များ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးသင်တန်း”တွင် စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင်  “စက်မှု လုပ်ငန်းရှင်များ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးသင်တန်း”ကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်၌ပြုလုပ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးမျိုးဝင်းသန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်လျှပ်စစ်နှင့် ခရိုင်မီးသတ် စသည့်ဌာနများက မိမိတို့နှင့် သက်ဆိုင်သည့် ဘာသာရပ်အလိုက် သင်တန်းပို့ချဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

    အဆိုပါသင်တန်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ခံ ဦးညီညီစိုးမှ သင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ၊ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိစေရေး လိုက်နာဆောင် ရွက်ရမည့်အချက်များကို ဦးစွာဆွေးနွေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးမျိုးဝင်သန်းက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ Online စနစ်ဖြင့်ရောင်းချ ခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျောက်ထားခြင်းအကြောင်း စသည်တို့ကို Power Point ဖြင့် အသေးစိတ် ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသား စက်မှုလုပ်ငန်းရှင်(၁၆)ဦး တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)