Main menu

၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် ကုန်သွယ်ရေးပိုငွေအမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါး ရရှိခဲ့သည့် ဗီယက်နမ်

Powered by Drupal

          ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် ဗီယက်နမ်သည် စံချိန်တင်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၃.၉၉ ဘီလီယံရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတော် စာရင်းအင်းရုံး၏အဆိုအရ သိရပါသည်။ ဇန်နဝါရီလမှ ဩဂုတ်လ ကာလအတွင်း နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၇.၉၃ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၆.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀၅.၉၆ ဘီလီယံဖြင့် ၁၄.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၁.၉၇ ဘီလီယံဖြင့် ၁၇.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လတစ်လတည်းတွင် တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၃.၃၉ ဘီလီယံဖြင့် ဇူလိုင်လ ကထက် ၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လထက် ၁၄.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုတန်ဖိုးထဲတွင် ရေနံစိမ်းပါဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၄.၂၂ ဘီလီယံဖြင့် ပြည်တွင်းကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၉.၁၆ ဘီလီယံ ပါဝင်ကြောင်း သိရပါသည်။ ၈ လတာကာလတွင် ရေနံစိမ်းပါဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍကတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၂၉.၉၇ ဘီလီယံရှိပြီး ၁၉.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ စုစုပေါင်းတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရပါသည်။ ပြည်တွင်းကဏ္ဍတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇၆.၆၉ ဘီလီယံဖြင့် ၃.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုန်ထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်မှုကုန်ပစ္စည်းများတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၇၁.၀၆ ဘီလီယံရှိပြီး စုစုပေါင်းတင်ပို့မှု၏ ၈၉ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန်ပစ္စည်းများတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅.၉၂ ဘီလီယံ၊ ပင်လယ်စာ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၇.၁၅ ဘီလီယံနှင့် လောင်စာနှင့် သတ္တုတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၈၃ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ ပို့ကုန်အမျိုးအစား ၂၉ ခုတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးရရှိခဲ့ပြီး စုစုပေါင်းပို့ကုန်ဝင်ငွေရရှိမှု၏ ၉၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ထိုတန်ဖိုးထဲမှ ဖုန်းများ၊ အီလတ်ထရောနစ်များနှင့် အဝတ် အထည်များအစရှိသည့် ကုန်ပစ္စည်း ၇ မျိုးတင်ပို့မှုမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အသီးသီးကျော်ဖြတ်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအသီးသီးတန်ဖိုးရှိသော ကုန်ပစ္စည်းအမျိုးအစား ၃၈ မျိုး တင်သွင်းခဲ့ကြောင်း သိရပါသည်။ ကွန်ပြူတာ၊ အီလတ်ထရောနစ်နှင့် စက်ပစ္စည်းများတင်သွင်းမှု မှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အသီးသီးရှိကြောင်း သိရပါသည်။ ၎င်းတို့သည် ကုန်ထုတ်လုပ်သည့်ပစ္စည်း အမေရိကန်ဒေါ်လာ ၂၇၃.၉၁ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ပြီး စုစုပေါင်းတင်သွင်းမှု၏ ၉၄ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ အမေရိကန်သည် အမေရိကန်ဒေါ်လာ ၉၉.၁ ဘီလီယံဖြင့် အကြီးမားဆုံးတင်ပို့ရာဈေးကွက်ဖြစ်ပြီး တရုတ်မှာ အမေရိကန်ဒေါ်လာ ၁၁၇.၉ ဘီလီယံဖြင့် အကြီးမားဆုံးတင်သွင်းရာဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နှင့် အမေရိကန် ဒေါ်လာ ၈၇ ဘီလီယံကုန်သွယ်ရေးပိုငွေရခဲ့ပြီး ဥရောပသမဂ္ဂထံမှ အမေရိကန်ဒေါ်လာ ၂၅.၆ ဘီလီယံနှင့် ဂျပန်ထံမှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ အသီးသီးကုန်သွယ်ရေးပိုငွေရခဲ့ကြောင်း သိရပါသည်။ သို့သော် တရုတ်နှင့် အမေရိကန်ဒေါ်လာ ၇၅.၉ ဘီလီယံ၊ တောင်ကိုရီးယားနှင့် အမေရိကန်ဒေါ်လာ ၂၀.၁ ဘီလီယံနှင့် အာဆီယံနိုင်ငံများနှင့် အမေရိကန်ဒေါ်လာ ၉.၄ ဘီလီယံ အသီးသီးကုန်သွယ်ရေးလိုငွေ ပြခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)