
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၏အစီအစဉ်ဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၇း၀၀)အချိန်တွင် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ဇေယျာသီရိ(၁)ရပ်၊ ချမ်းသာလမ်း၊ မီးသတ်ဓမ္မာရုံရှေ့တွင် ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။ အခြေခံစားကုန်များရောင်းချရာတွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ ကုလားပဲ၊ချဉ်ပေါင်ရွက်၊ ဆား စသည်တို့ပါဝင်ပြီး ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)