
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျှက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ ဩဂုတ်လတတိယပတ်မှ ဩဂုတ်လနောက်ဆုံးပတ်ထိ ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၁၆၀၀ ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၅၀၀/ကျပ် ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀)ပိဿာ မှ စတင်၍အိတ်လုံးဈေး ကြက်သွန်နီအကြီး တစ်ပိဿာလျှင်၁၅၀၀/ကျပ်၊ ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၁၃၀၀/ကျပ်၊ ကြက်သွန်နီ(အသေး) လက်ကားဈေးနှုန်း တစ်ပိဿာလျှင်၁၂၀၀/ ကျပ် ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး ဩဂုတ်လဒုတိယပတ်တွင်လည်း ကြက်သွန်နီ ဈေးနှုန်းများဈေးငြိမ်နေ ကြောင်းသိရှိရပါသည်။
အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိသာလျှင် ဩဂုတ်လဒုတိယပတ်တွင် ၄၅၀၀/၅၀၀၀/ ကျပ် ဈေးရှိခဲ့ပြီး ယခု စက်တင်ဘာလ ဒုတိယပတ်တွင်လည်း အာလူး ဈေးနှုန်းများမှာ ၆၀၀၀/၇၀၀၀ ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)