
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးရန်ပိုင်ဖြိုး နှင့် ဝန်ထမ်းများသည် (၅-၉-၂၀၂၅) ရက် ၊ နေ့လယ် (၁၄:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ အမှတ် (၁) ရပ်ကွက်အတွင်း မိဖူးဖူး နာမည်ဖြင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသောလုပ်ငန်းအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ၁က/၆၆၃ အမှတ် (၁) ရပ်ကွက်၊ ပဒုမ္မာလမ်း၊ ကြာအင်းရပ် ဘားအံမြို့၊ လိပ်စာပါအတိုင်း မိဖူးဖူး နာမည်ဖြင့် မြေပြင်ပေါ်တွင် အမှန်တကယ် ရှိ/မရှိ နှင့် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊ အထည် အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ အမှန်တကယ်ရှိ/မရှိ သွားရောက် စစ်ဆေးခဲ့ရာ မြေပြင်ပေါ်တွင်ဖော်ပြပါလိပ်စာနှင့် ကုန်ပစ္စည်းများအတိုင်း မှန်ကန်မှုရှိကြောင်း စိစစ်တွေ့ရှိရ သည်။ ဆက်လက်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသီရိမောင်မှ ဆိုင်ပိုင်ရှင်အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရမည့် အချက်(၁၇)ချက် အားမေးမြန်းဆောင်ရွက်ခြင်းနှင့် ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(ကရင်)