
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲနှင့် နည်းပညာပေး ဆွေးနွေးပွဲအခမ်းအနားအား (၁၀.၉.၂၀၂၅)ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်၌ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် အခမ်းအနားသို့တက်ရောက်လာသည့် တောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၇၅၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)