Main menu

ကန်စွန်းဥဈေးနှုန်းစျေးကွက်

Powered by Drupal

            စျေးကွက်အတွင်းသို့ ကန်စွန်းဥဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှအဝင်များပြီး၊ ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ကန်စွန်းဥကို အများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်းသားမှာ ငချိတ်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်နှင့်အဝါနုရောင်တို့မှာ စျေးကွက်အတွင်းသို့ အများဆုံးတွေ့ရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလပတ်တွင် စျေးကွက်အတွင်း ရောင်းချသည့်ကန်စွန်းဥလက္ကား တစ်ပိဿာစျေးနှုန်း ၂၅၀ဝိ/-မှ ၂၈၀ဝိ/-ထိ လက်လီ တစ်ပိဿာ စျေးနှုန်းများ ၃၀၀ဝိ/-မှ ၄၀၀ဝိ/-ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် ကန်စွန်းဥမှာ စျေးနှုန်းချိုပြီးအရောင်းသွက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ကန်စွန်းဥ ရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)