Main menu

မုံရွာမြို့နန္ဒဝန်ဈေးတွင်ဖြစ်ပေါ်နေသော ‌ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်စျေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ နန္ဒဝန်စျေးတွင် စားဖိုဆောင်သီးနှံများ၊ အသား မျိုးစုံ၊ အကြော်စုံနှင့် အသုတ်စုံဆိုင်များ စုံလင်စွာ‌ရောင်းချလျက်ရှိရာ ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည် များကိုလည်းရောင်းချလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ဒုတိယပတ် တွင် ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အထုပ်ကြီး (၁) ထုပ်လျှင် (၂၀၀၀) ကျပ်ဖြင့် လည်ကောင်း၊ အထုပ်သေး (၁) ထုပ်လျှင် (၁၀၀၀-၁၅၀၀) ကျပ်ဖြင့်လည်ကောင်း ရောင်းချ လျက်ရှိပြီး၊  ပဲတောင့်ရှည် (၁) စည်းလျှင် (၈၀၀) ကျပ်ဖြင့်လည်းကောင်း၊ (၃) စည်း (၂၄၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း အသီးအရွက်ရောင်းချ သူများထံမှသိ ရပါသည်။

DOCA(စစ်ကိုင်း)