Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ခါကြက်ဥဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ခါကြက်ဥတွင်ခါကြက်ဥရိုးရိုး(ဗမာ)ဥနှင့် ခါကြက်ဥ(တရုတ်)ဥဟူ၍နှစ်မျိုးရှိကြောင်း၊ ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ခါကြက်ဥ(ဗမာ)(၁)ပိ ဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ခါကြက်ဥ(တရုတ်)(၁)ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)