
မန္တလေးတိုင်းသေကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်း အထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁-၉-၂၀၂၅ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပုသိမ်ကြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက တောင်သူများလိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး မြို့နယ်ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရာင်းချခြင်း လုပ်ငန်းကြီးကြပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့မှုအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်အစီမံများ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)