Main menu

မတ္တရာမြို့နယ်ရှိ မိုးရာသီ စပါးစိုက်တောင်သူများသို့ သီနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

Powered by Drupal

            မန္တလေးတိုင်းသေကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မတ္တရာမြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးပန်းတိုင်းအထွက် တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးခြင်းကို  ၅.၉.၂၀၂၅ ရက်နေ့တွင် မတ္တရာမြို့နယ် လင်းမြွေချောင်းရွာ၊ ထီးတော်မိုးရွာ၊ တောင်ပြုံး၊ ဝသုန္ဒရ၊  ဝက်ခဲ၊ ရတနာဘုမ္မီ၊ သမင်တွင်း၊ ဝါးရင်းတုတ်၊ ကမ်းတဘက်၊ မင်္ဂလာသီရိ ကျေးရွားအုပ်စုများမှ တောင်သူများလက်ဝယ်သို့ တိုက်ရိုက်ရောင်းချ ပေးလျက်ရှိပါသည်။ အဆိုပါ ဓာတ်မြေဩဇာရောင်းချခြင်းကို မတ္တရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   (ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဒေါ်အေးအေးနွယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာ၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမြင့်နှင့်    စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာတို့က  မတ္တရာမြို့နယ်ရှိ  မိုးရာသီ စပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)