Main menu

ဟင်္သာတမြို့နယ်၌ ငှက်ပျောသီးများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ဟင်္သာခရိုင် ဟင်္သာတ မြို့နယ်၌   ငှက်ပျောသီးများဝယ်လိုအား ကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း  ဟင်္သာတ မြို့နယ်မှ    ငှက်ပျောသီးမျိုးစုံ    ရောင်းဝယ်ရေးပွဲရုံလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ဇာဇာ၏ ပြောကြားချက်အရ သိရသည်။

     ဟင်္သာတမြို့နယ်ဒေသဈေးကွက်၌ ယခုနှစ် သြဂုတ်လ နောက်ဆုံးပတ်မှစ၍ ငှက်ပျောသီးအစုံ ဝယ်လိုအား ကောင်းမွန်လာကာ  အရောင်းအဝယ်ကောင်းမွန် လျက်ရှိပြီး တစ်ရက်လျှင် ငှက်ပျောသီးအဖီးရေ ၄၀၀၀ မှ  ၅၅၀၀  အထိ   အရောင်းအဝယ်ဖြစ်နေကြောင်း၊ အရောင်းအဝယ်ကောင်းမွန်နေသည့်   ငှက်ပျောသီး များမှာ ဖီးကြမ်း၊ ရခိုင်၊ သီးမွှေး၊ ခွံနီ၊ ရွှေငှက်ပျော စသည့်   ငှက်ပျောသီး အမျိုးအစားများဖြစ်ကြောင်း သိရသည်။

     ''ဟင်္သာတမြို့နယ်ကနေထွက်ရှိတဲ့ ငှက်ပျောသီးတွေကို  တခြားမြို့နယ်တွေက ဝယ်လိုအားများနေပါတယ်။ လက်ရှိ ငှက်ပျောသီးအဖီးရေ ၅၅၀၀ အထိ အရောင်းအဝယ်ဖြစ်နေပါတယ်။ အခု အရောင်းအဝယ်ကောင်းနေ တဲ့  ငှက်ပျောသီးတွေက  အရည်အသွေးကောင်းမွန်ပါတယ်။ ဒေသထွက်ကုန်ဖြစ်တော့ ဓာတုကင်းလွတ်ပြီး သန့်ရှင်းလတ်ဆတ်မှုရှိပါတယ်" ဟု ဒေါ်ဇာဇာကပြောသည်။

    ဟင်္သာတမြို့နယ်၌    လက်ရှိငှက်ပျောသီးအပါအဝင်  ဒေသထွက် ကုန်စိမ်းသီးနှံများ   ပေါ်နေသည့် အချိန်ဖြစ်ကြောင်း၊   အဆိုပါဒေသထွက်ငှက်ပျော သီးများ ဝယ်လိုအားကောင်းပြီး အရောင်းသွက်လာကြောင်း၊    ဒေသထွက်ကုန်များကိုသာ  အရောင်းအဝယ် ပြုလုပ်ရခြင်းကြောင့် သယ်ယူစရိတ်သက်သာခြင်း၊ ကုန် ပစ္စည်း လတ်ဆတ်မှုရှိခြင်း   စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။  

(DOCA ဧရာဝတီ)