Main menu

ငပုတောမြို့နယ်၌ ဒေသထွက်မျှင်ငါးပိများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်  ငပုတောမြို့နယ်၌  မျှင်ငါးပိများ  ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်မှ    ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဆွေဆွေမြင့်၏ ပြောဆိုချက်အရ သိရသည်။ ငပုတောမြို့နယ်၌  သြဂုတ်လဒုတိယပတ်မှ စ၍ ဒေသထွက်မျှင် ငါးပိ များ  ဝယ်လိုအားကောင်းမွန်လာသဖြင့်  အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊   တစ်ရက်လျှင်  မျှင်ငါးပိ  ပိဿာ ၄၅၀၀ မှ ၅၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

    " မျှင်ငါးပိ တွေက  ဒေသတွင်းမှာ  အရောင်းအဝယ်ကောင်းနေတာပါ။   မျှင်ငါးပိရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေက   ဒေသထွက်မျှင်ငါးပိတွေကိုမှာယူတဲ့ဒေသတွေအထိ    ပို့ဆောင်ပေးတာပါ။   ဒေသထွက်မျှင်ငါးပိတွေက     အရည်အသွေးကောင်းတော့    ဝယ်ယူမှုများတယ်။အခုလိုအရောင်းအဝယ်တွေကောင်းလာတော့  ရေလုပ်ငန်းလုပ်ကိုင်သူတွေ၊ ကုန်သည်တွေနဲ့  အလုပ်သမားတွေ  အဆင်ပြေလာပါတယ်" ဟု ဒေါ်ဆွေဆွေမြင့် ကပြောသည်။ ငပုတောမြို့နယ်၌ ငါးပိရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည် ဒေသထွက်မျှင်ငါးပိများ ကို  တခြားဒေသများသို့ စနစ်တကျထုပ်ပိုး၍ တင်ပို့ရောင်းချကြောင်း၊  အဆိုပါမျှင်ငါးပိများ  အရောင်းအဝယ် ကောင်းလာသည့်အတွက် ရေလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်သည်များ၊ ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများနှင့် လုပ်သားများ အဆင်ပြေလာကြောင်း သိရသည်။

(DOCA ဧရာဝတီ)