
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ဒေသထွက်ပိန်းဥများ ကို ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပိဿာ ၆၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မိုးသူ၏ပြောပြ ချက်အရ သိရသည်။
ဓနုဖြူမြို့နယ်မှ ဒေသထွက်ပိန်းဥများကို ရန်ကုန်ဈေးကွက် သို့ ဇွန်လအတွင်းက ပိဿာ ၅၀၀၀၀ အထိသာ တင်ပို့ရောင်းချ နိုင်ခဲ့သော်လည်း ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လတာ ကာလအတွင်း ပိဿာ ၆၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့သည်။
''ဒေသထွက်ပိန်းဥတွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ ရောင်းချခဲ့ရပါ တယ်။ ဒေသထွက်ပိန်းဥ တွေက အရည်အသွေး ကောင်းမွန်ပါတယ်။ ပိန်းဥတွေကို ရန်ကုန်ဈေးကွက် ဝယ်လက်တွေ က ဝယ်လိုအားများနေလို့ တင်ပို့အားတက်ခဲ့တာ ဖြစ်ပါ တယ်'' ဟု ဒေါ်မိုးသူကပြောသည်။
ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဇူလိုင်လ အတွင်း တင်ပို့ရောင်းချခဲ့သည့် ပိန်းဥများ အရောင်း အဝယ် ကောင်းမွန်လာသည့်အတွက် ဒေသခံတောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သား များနှင့် ကုန်တင်ယာဉ် အငှားလိုက် လုပ်ငန်းလုပ်ကိုင်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနေ ကြောင်း သိရသည်။
(DOCA ဧရာဝတီ)