Main menu

ဇလွန်မြို့ အခြေခံပညာမူလတန်းကျောင်း ကြွမန်းကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၁.၉.၂၀၂၅)နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ ကြွမန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြ ရမည့် ကုန် အညွှန်းအမှတ်အသားများအကြောင်း၊ အစားအသောက်များတွင်ပါဝင်သော ဓါတုဆိုးဆေး ၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့်ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက် များ နှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက် ရမည့်အချက် များ၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့် ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)