Main menu

လေးမျက်နှာမြို့နယ် Online စနစ်ဖြင့်ရောင်းချသောလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၀.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  လေးမျက်နှာမြို့နယ် လက်သမားကရင်ကျေးရွာရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော အလှကုန်အမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးရောင်းချသောလုပ်ငန်းသို့ အွန်လိုင်း မှတ်ပုံတင်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် လေးမျက်နှာမြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်နှင့်လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချ ရမှုရှိစေရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/မပါတို့ကို စစ်ဆေးခဲ့ပြီး၊ Online စနစ်ဖြင့်ရောင်းချနေသော အလှကုန်နှင့် လူသုံးကုန်၊ အဝတ်အထည်အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ် လျှောက်ထား မှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်း ဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/မရှိ၊မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်း အတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှု ရှိ/မရှိ ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည် ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)