Main menu

ကသာမြို့တွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးနှုန်း

Powered by Drupal

     ကသာမြို့တွင်း စက်တင်ဘာလ(၂၁)ရက်နေ့တွင် ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ ကျပ် ၄၂၀၀ မှ ကျပ် ၃၀၀၀ ခန့်၊ လက်လီ တစ်ပိဿာလျှင် ကြီး/ လတ်/သေး‌ (၄၅၀၀/၄၀၀၀/၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ကြက်သွန်နီဈေးမှာ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျပ်(၅၂၀၀)ရှိသည့်အတွက် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက လက်ရှိတွင်ဈေးနှုန်းအနည်းငယ်ကျဆင်းသော်လည်း အချိန်နှင့်တပြေးညီ ဈေးနှုန်းပြောင်းလဲနိုင်ကြောင်း ကြက်သွန်နီရောင်းချသူများထံမှ သိရှိရသည်။ အရောင်းအဝယ်အနေဖြင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်မှုကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းပါးပြီး ကြက်သွန်နီ ဝင်ရောက်မှု မှာလည်း ယခုတစ်ပတ် မြို့နယ်တွင်းသို့ မန္တလေး၊ မုံရွာဘက်မှ (၃၅)ပိဿာပါ အိတ်(၃၀)ခန့်သာ ဝင် ရောက်ကြောင်း သိရသည်။

     ကြက်သွန်ဖြူဈေးနှုန်းမှာ လက်လီတစ်ပိသာလျှင် အကြီး/အသေးပေါ်မူတည်၍ ကျပ်(၆၀၀၀ မှ ၄၀၀၀)ထိ ရောင်းချလျက်ရှိကာ စက်တင်ဘာလဒုတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ကျပ် (၁၀၀၀မှ ၁၂၀၀)ခန့်ထိ  ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ အရောင်းအဝယ်ဖြစ်မှုမှာလည်း ဈေးမြင့်တက်မှုကြောင့် ယခင်ကထက် အရောင်းအဝယ်နည်းပါးကြောင်းသိရှိရပြီး ကြက်သွန်ဖြူ ဝင်ရောက်မှုအနေဖြင့် မန္တလေး-မုံရွာဘက်မှ ယခုတစ်ပတ် ပိဿာ(၂၀)ပါအိတ်(၃၀)ခန့်သာ ဝင်ရောက်ကြောင်း သိရှိရသည်။   

DOCA(စစ်ကိုင်း)