
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန မှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)သည် (၈.၉.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၂:၃၀)နာရီတွင် မင်္ဂလာတောင်ညွန်မြို့နယ်၊ ရွှေပြည်စုံဈေးရှိ KK ဆိုင်တာဝန်ခံဦးကျော်မင်းနှင့်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများ အခြေအနေအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးဆိုင်တွင် ပစ္စည်းများ ပြတ်လပ်နေသော်လည်း အလားတူအာနိသင်တူဆေးများရောင်းချလျက်ရှိ၍ ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်းဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူသုံးများသောဆေးဝါးများနှင့် ရောင်းချနေသော ဆေးဝါးများ၏ ဈေးနှုန်းများ အတက်အကျရှိ/မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ဈေးနှုန်း ကွာခြားမှုရှိ/မရှိ၊ ဈေးကွက်များ အတွင်းဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ တို့ကိုကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)