Main menu

သင်္ဘောသီးကို တနိုင်တစ်ပိုင်စိုက်ပျိုး၍ ဈေးကွက်တွင် ဈေးကောင်းရရှိနေပါကြောင်း

Powered by Drupal

    သင်္ဘောသီးပင်ကို မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား စိုက်ပျိုးကြပြီး အပူပိုင်းနှင့် အပူအနည်းငယ် လျော့သည့် ဒေသများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သင်္ဘောပင်တွင် အဖိုပင်၊ အမပင်နှင့် လိင်စုံပင်ဆိုပြီး (၃)မျိူးရှိပါသည်။ သင်္ဘောသီးအစိမ်းကို သင်္ဘောသီးသုပ်၊ ယိုးဒယား သင်္ဘောသီးထောင်း၊ ယိုးဒယားသင်္ဘော သီးအပြားသုပ် စသောအမယ်များအပြင် အသုပ်စုံထဲတွင်လည်း အနည်းငယ်ထည့်၍ စားလေ့ရှိပါသည်။ တချို့မှာ သင်္ဘောသီးယိုအဖြစ်လည်းထိုး၍ စားကြသည်။ သင်္ဘောသီးဟာ အစာချေဖျက်ခြင်းကို ထောက်ကူတဲ့ သဘာဝဝမ်းနုတ်ဆေး တစ်မျိုးလည်းဖြစ်တာကြောင့် ပုံမှန်စားပေးရင် ဝမ်းချုပ်တာ၊ လိပ်ခေါင်း ရောဂါဖြစ် တာနဲ့ ဝမ်းလျှောတာတွေကို ကာကွယ်ပေးနိုင်ပါသည်။ပုသိမ်မြို့ရှိဈေးများတွင် သင်္ဘောသီးအစိမ်းများကို အသီးအရွယ်အစားပေါ်မူတည်၍ ၇၀၀ - ၁၀၀၀ ကျပ်ထိ ဈေးရရှိကြောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူထံမှ သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)