
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်တွင်းပြည်ပခရီးသည်များ အား တရားဝင်စတင်ဝန်ဆောင်မှုပေးသည့် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ငန်းများ အောင်မြင်စွာစတင်နိုင်ရေးအတွက် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet မှ ဦးဆောင်းဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲ အခမ်းအနားတွင် လေကြောင်းကဏ္ဍသည် ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံရေး ကွန်ရက်များနှင့် ဘက်စုံလုပ်ငန်းဆောင်ရွက်ခြင်းများကို ချိတ်ဆက်ရန် နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်ကြောင်း Hun Manet က ပြောကြားခဲ့သည်။ နိုင်ငံတော်ဝင်ငွေ၏ အဓိကရင်းမြစ်တစ်ခု အနေဖြင့် အဆိုပါ လေဆိပ်အသစ်အား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်၊ သံတမန်ဆက်ဆံရေး ခိုင်မာစေရန်နှင့် အခြားနေရာများကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံသည် ခရီးသွားလာသူများ အထူးသဖြင့် ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သူများအတွက် ချိတ်ဆက်မှုပိုမိုကောင်းမွန်လာစေရန်အတွက် ၎င်း၏ နိုင်ငံတကာလေဆိပ်များကို တိုးချဲ့ပြင်ဆင်ကာအဆင့်မြှင့်တင်ခဲ့ကြောင်း ထပ်လောင်းပြောကြား ခဲ့သည်။ Kandal ခရိုင်နှင့် Takeo ခရိုင်တွင်နှစ်ခုအကြားတွင်တည်ရှိသော Techo အပြည်ပြည် ဆိုင်ရာလေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံအတွက် သမိုင်းဝင်မှတ်တိုင် အသစ်တစ်ခုဖြစ်ပြီး ကန်ဒေါ်လာ ၁.၅ ဘီလီယံခန့် အကုန်အကျခံကာ တည်ဆောက်ထားကာ လေဆိပ်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လေကြောင်းကွန်ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရပ်တည်ချက်ကို အားကောင်းစေမည့် ကမ္ဘာ့တံခါးပေါက်သစ်ဖြစ်လာရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ် Hun Manet ကဆက်လက်ပြောကြားခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ လေကြောင်း ပို့ဆောင်ရေး၀န်ကြီး Dr.Mao Havannal နှင့် ခရီးသွား၀န်ကြီး Huot Hak တို့တက်ရောက်ခဲ့ကြသည်။
DOCA(ရန်ကုန်)