Main menu

ဘားအံမြို့ရှိ ခ.မ.ရ (၂၀၁) တပ်ရင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဉီးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများသည် ၁၃-၉-၂၀၂၅ ရက်၊ စနေနေ့ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ခ.မ.ရ (၂၀၁) တပ်ရင်းခန်းမတွင် (အရာရှိ၊ စစ်သည်၊ ရဲမေ)များအား စားသုံးသူကာကွယ် ရေးဆိုင်ရာ သိကောင်းစရာအကြောင်းများကို အသိပညာပေးဟောပွဲကျင်းပ ခဲ့ကြောင်း သိရှိ ရသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေး အကြောင်းသိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက် နှင့် ကုန်စည်များကို စနစ်တကျရွှေးချယ် ဝယ်ယူစားသောက် သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်း အမှတ်အသားအကြောင်းနှင့် စားသုံးသူနစ်နစ်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို  Power Point ဖြင့်(အရာရှိ၊ စစ်သည်၊ ရဲမေ)များကို လွယ်ကူစွာသိရှိနိုင် ရန် ရှင်းလင်းပြောကြားခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip များအား Short Video ဖြင့်ပြခဲ့ပါသည်။

        အခမ်းအနားပြီးဆုံးပြီးနောက် (စစ်သည်၊ ရဲမေ)များအား နမူနာ မုန့်များခင်းကျင်းပြသပြီး သိရှိ လိုသည်များအား ထပ်မံဆွေးနွေးပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ခမရ (၂၀၁) တပ်ရင်းမှ အရာရှိ၊ စစ်သည် (၂၀)ဦး နှင့် ရဲမေ (၆၂) ဦး စုစုပေါင်း (၈၂)ဦး တက်ရောက်ခဲ့ပြီး ဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)