Main menu

မော်လမြိုင် ဘိလပ်မြေ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်

Powered by Drupal

   မော်လမြိုင်မြို့၌ ယခုလ စတုတ္ထအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၉၆၀၀၊ ဆင် (ထိုင်း) ကျပ် ၁၄၅၀၀၊ ကြံ့တံဆိပ် (အပြာ) ကျပ် ၉၃၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးမှာ ဈေးနှုန်း အနည်းငယ်တက်လာပြီး အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရသည်။

   အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၃၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၃၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၅၃၀၀၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၃၀၀၀၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀%  (သီးရွက်စုံ) 100cc ပါ ၁ ပုလင်းမှာ ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ ၁ ပုလင်းမှာ ကျပ် ၁၂၅၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၈၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၈၀၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၅၀၀၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ်မှာ ကျပ် ၇၈၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc ပါ ၁ ပုလင်းမှာ ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ ၁ ပုလင်းမှာ ကျပ် ၁၃၀၀၀ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)