
မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။ ဂေါ်ရခါးပင်သည် နွယ်ပင်ဖြစ်သောကြောင့် အညွန့်များကို လည်း စားသုံးနိုင်ကြပါသည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော်လှော် စားသုံးနိုင်ပြီး၊ အသီးကိုလည်း ဟင်းချိုချက်၍လည်းကောင်း၊ ကြက်ဥနှင့် ကြော်၍လည်းကောင်း၊ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံးလျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၇၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၄၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (စစ်ကိုင်း)