Main menu

မြင်းခြံဒေသရဲ့ အုန်းသီးနှင့်ငှက်ပျောသီး ဈေးနှုန်းဈေးကွက်

Powered by Drupal

      ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မိမိတို့ ကိုးကွယ်ယုံကြည်ရာလိုက်၍ ဘုရားပွဲ၊ တရားပွဲ ၊ နတ်ပွဲ ၊ အလှူနှင့် မင်္ဂလာပွဲများတွင် အစဉ်အလာအရ မဖြစ်မနေသုံးစွဲနေသော ငှက်ပျောသီး ၊ အုန်းသီးဈေး ကွက်သည်လည်း အနယ်နယ်အရပ်ရပ်တွင် ဈေးကွက်တစ်ခုပင် ဖြစ်တည်ရောင်းဝယ်နေကြသည်မှာ ယနေ့ချိန်ထိပင်ဖြစ်ပါသည်။ မြင်းခြံမြို့နယ်သည် ငှက်ပျောအများစု စိုက်ပျိုးသော ဒေသတစ်ခုမဟုတ် သည့်အတွက် ငှက်ပျောအများစု စိုက်ပျိုးရာဒေသများဖြစ်သော ဟန်မြင့်မိုရ် ၊ မြစ်သား ၊ ကျောက်ဆည် ၊‌ရွှေဘို၊ပုပ္ပါး၊ တောင်ငူတို့မှ ထွက်ရှိသော ငှက်ပျောသီးများကို မှာယူရောင်းချနေကြောင်းလေ့လာ သိရှိရပါသည်။ လက်တလော ကျောက်ဆည် ၊ ရွှေဘို ဖီးဂျမ်းတစ်ဖီးလျှင် ၄၀၀၀-၄၅၀၀-၅၀၀၀ ကျပ် ဈေးရှိပြီး ပုပ္ပါး၊တောင်ငူ ဖီးဂျမ်း တစ်ဖီးလျှင် ၃၀၀၀-၃၅၀၀ ကျပ်ဈေးရှိပါကြောင်းနှင့် ရခိုင်ငှက်ပျော တစ်ဖီးလျှင် ၁၅၀၀-၂၀၀၀-၂၅၀၀ ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ်ရှိပါကြောင်း ဈေးနှုန်းအနေဖြင့် လတ်တလောပုံမှန်ဈေးတန်းပင်ရှိပြီး လမ်းခရီးကြန့်ကြာမှုများရှိက အနည်းအငယ်ဈေးနှုန်းအပြောင်း အလဲရှိနိုင်ပါကြောင်း၊ အလှူပွဲ၊ မင်္ဂလာပွဲနှင့်ဘာသာရေးပွဲများကို အားပြုရောင်းရသည့်အတွက် လတ်တ လောကာတွင်အရောင်းအဝယ်အေးကြောင်း ရှေ့သီတင်းကျွတ်ရာသီဆိုလျှင်တော့ အရောင်းအဝယ်များ ယခုထက်ကောင်းလာမည်ဖြစ်ပါကြောင်း၊ စာဖီး အနေဖြင့် ကျောက်ဆည်ရွှေသိမ်တော် သာသနာပွဲကျ ဖီးကျမ်း ၁ ဖီးလျှင် ၁၀၀၀-၁၅၀၀-၂၀၀၀ ဈေးတို့ဖြင့် ရောင်းချရပါကြောင်း၊အုန်းသီးကိုတော့ တောင်ငူ ၊ ရန်ကုန်တို့မှ မှာယူရောင်းချရာ တောင်ငူအုန်သီး (၁) လုံးလျှင် ၄၅၀၀-၅၀၀၀ ကျပ်နှင့် ရန်ကုန်အုန်းသီး (၁)လုံးလျှင်၅၅၀၀-၆၀၀၀ ကျပ်တို့ဖြင့် ရောင်းချကြောင်း အုန်း၊ ငှက်ပျောရောင်းချသူ လုပ်ငန်းရှင်တစ်ဦး ၏ ပြောကြားမှုအရသိရပါသည်။

DOCA(မန္တလေး)