Main menu

ရာသီပေါ်ရွှေဖရုံညွှန့်ဈေးနှုန်း၊ဈေးကွက်

Powered by Drupal

     မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လေးအိမ်တန်း၊ ဘောလုံး၊ လှိုင်းတက်၊ အနိမ့်နှင့် နဘူးအိုင်ကျေးရွာများမှ တောင်သူများက မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန်  ဥယျာဥ်ခြံမြေများ စိုက်ပျိုးလျက်ရှိရာ စိုက်ခင်းများမှထွက်ရှိသော ရွှေဖရုံညွှန့်များကို တောင်သူများကိုယ်တိုင် အေးမြသီတာဈေးသို့ လာရောက်‌ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် ရောင်းချနေသော ရွှေဖရုံညွှန့် (၂၅) ကျပ်သားလျှင် (၁၅၀၀) ကျပ် ပေါက်ဈေးများရှိကြောင်း၊ ယခုမိုးရာသီအချိန်တွင် ရာသီပေါ် ရွှေဖရုံညွှန့်များ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ပေါပေါများများရရှိနိုင်ကြောင်း၊ လူကြိုက်များသော ရွှေဖရုံညွှန့်များ စားသုံးမှုများ၍  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တောင်သူများအနေဖြင့် အပိုဝင်ငွေရရှိကြောင်း သိရှိရသည်။  ကျန်းမာရေးအကျိုး ကျေးဇူးအနေဖြင့် ရွှေဖရုံညွှန့်သည် အမျှင်ဓာတ်ကြွယ်ဝသဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကြောင်း ပိုတက်ဆီယမ် ပါဝင်သောကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါကိုလျော့ချပေးကြောင်း၊ ဗီတာမင်အေ၊ စီပါဝင်သောကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေး၍ အရွယ်တင်နုပျိုစေကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)