Main menu

Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေး မော်နှင့်ဝန်ထမ်းများသည် (၁၀.၉.၂၀၂၅) ရက်နေ့ ၊နံနက်(၁၁:၀၀)အချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်း အမှတ် (၁)A၊ ရတနာလမ်း၊ မီးကျောင်းကန် (၃)ရပ်ကွက်၊  သင်္ဃန်းကျွန်းမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေး ခြင်းဆိုင် ရာအချက်အလက်များ ကိုက်ညီ မှု  ရှိ/မရှိ ကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း နှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)