
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ(၉)ရက်နေ့တွင် ကျောက်ဆည်မြို့နယ် ၊ သပြေသာ ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆွေးနွေးပွဲကျင်းပြုလုပ်ခဲ့ပါသည်။ဟောပြောဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ်(ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ကျေးရွာသူ/ ကျေးရွာသားများအား စားသုံးသူကာကွယ် ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူ များ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့် (1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov. mm ထဲသို့ဝင်ရောက်ပြီး တိုင်ကြား နိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ကျေးရွာသူ/ ကျေးရွာသားများစုစုပေါင်း(၁၀၀)ဦး တက်ရောက် ခဲ့ကြပြီးတက်ရောက်လာသော ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)