Main menu

အွန်လိုင်းရောင်းချသည့်လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဉီးတို့ သည်(၉.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၄၅၅)၊ ဗိုလ်တိုက်ချွန်လမ်း၊ (၂/ခ) ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် ကေအပ်တီကလေး အဝတ်အထည် လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် အချက်အလက်များနှင့်  ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိ ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)