Main menu

စက်တင်ဘာလဒုတိယပတ်မြေထောက်ပဲစျေး

Powered by Drupal

          မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလဒုတိယပတ် အတွင်းဖြစ်ပေါ်လျက်ရှိသော ၃တင်းဝင်တစ်အိတ်လျှင်မြေထောက်ပဲပေါက်စျေးမှာ ၂၇၀၀၀၀ ကျပ် နှင့်၂၉၀၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ၅၀၀၀ကျပ်နှင့် ၅၃၇၀ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၃၁၀၀၀၀ ကျပ် နှင့် ၃၆၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၇၄၁ကျပ်နှင့် ၆၆၆၇ ကျပ်ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ် စျေးနှိုင်းယှဉ်ပါက မြေထောက်ပဲစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)