Main menu

ကျွန်းလှမြို့မှ ကျောက်စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း ဈေးနှုန်း

Powered by Drupal

               စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည် ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကျောက် စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း ဈေးနှုန်းအနေဖြင့် ကျောက်စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း()ခက်ပါ တစ်စီးလျှင် (၁၀၀၀)ကျပ်၊ (၁၀)စီးပါ တစ်ထုံးလျှင်(၈၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)