Main menu

ခရမ်းချဉ်သီးစျေးအနည်းငယ်မြင့်တက်

Powered by Drupal

         မန္တလေးစျေးကွက်သို့ မိုးရာသီအတွင်း   ခရမ်းချဉ်သီးဝင်ရောက်မှုအပေါ်မူတည်၍  စျေးနှုန်းအနည်း ငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိခရမ်းချဉ်သီးပွဲရုံများ၊ သီရိမာလာစျေး (ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ ကမ်းနားလမ်းရှိ ကုန်စိမ်း လက္ကားစျေးတို့တွင် ခရမ်းချဉ်သီးအားခေါင်သီးနှင့်အလတ်စသီးဟူ၍ အမျိုးအစားခွဲခြား ရောင်းချလျှက်ရှိပါသည်။  ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း   ဖြစ်ပေါ်လျက်ရှိသော   ခရမ်းချဉ်သီးလက္ကားစျေးအနေဖြင့် အင်းသီးတစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၅၀၀၀၀ ကျပ်နှင့် ၆၀၀၀၀ကျပ်၊ လက်လီစျေးအနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့်  အင်းသီး တစ်ပိဿာလျှင်    ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး၊ စက်တင်ဘာလပထမပတ်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိသာလျှင် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ် အကြားကွာခြားမှုရှိပြီး၊  စျေးအနည်းငယ်မြင့်တက် သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)