Main menu

မန္တလေးမြို့၊အထက(၃၇)တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၅၈လမ်း၊ ၁၉လမ်း နှင့် ၂၀ လမ်းကြားရှိ အထက(၃၇)ကေျာင်း၌ ပညာသင်ကြားလျက်ရှိသောကျောင်းသား၊ ကျောင်းသူများအား ၁၁.၉.၂၀၂၅ရက် နေ့နံနက်(၁၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါကျောင်းတွင် စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သက်သည်များ၊ စားသုံးသူများ၏ တာဝန်များ၊ စားသုံးသူများနစ်နာ ဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများဟောပြောခြင်း၊ ဌာန၏ Call Center 1535 လိုင်းခွဲအမှတ်(3)သို့ ခေါ်ဆို၍ တိုင်ကြားမှုသရုပ်ပြခြင်းနှင့် ကျောင်းမုန့် စျေးတန်းသို့ သွားရောက်၍ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် စားသောက်ကုန်များရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)