Main menu

ပုသိမ်မြို့နယ်တွင် မိုးစပါးဧက (၁၂၀,၀၀၀) ကျော် စိုက်ပျိုးပြီးစီး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၌ ယခုနှစ်မိုးရာသီစိုက်ပျိုးရာသီးတွင် မိုးစပါးဧက (၁၂၀,၀၀၀) ကျော် စိုက်ပျိုးပြီးစီးကြောင်း ပုသိမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

     ပုသိမ်မြို့နယ်၌ ယခုနှစ်မိုးရာသီးနှံ စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ပျိုးဧက (၁၂၀,၀၀၀) ကျော် လျာထားပြီး ဇွန်လဆန်းမှ စတင်စိုက်ပျိုးခဲ့ရာ ဩဂုတ်လကုန်ပိုင်းအထိ များစွာသောဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ စက်တင်ဘာလဆန်းအထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုလို လျာထားဧက အားလုံး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ပုသိမ်မြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ဧရာဝတီပေါ်ဆန်း ၊ ငစိန် ၊ ဧည့်မထ၊ ရွှေသွယ်၊ ဆင်းသုခ ၊ ပခန်း ၊ ကြားပျံ စသည့် စပါးအမျိုးအစားများကို အများဆုံး စိုက်ပျိုး ထားကြောင်း သိရသည်။ အဆိုပါ စိုက်ပျိုးထားသည့် စပါးများ အထွက်နှုန်းကောင်းမွန် စေရန်နှင့် အပျက်အစီး အလေအလွင့် မရှိစေရေး၊ တစ်ဧကချင်း စပါးအထွက်နှုန်းညီမျှစေရန်၊ စပါး အရည်အသွေးကောင်းမွန်စေရေး စသည့်လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုး ထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဒေသခံတောင်သူများအား ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)